လိပ်သို မေ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး အဓိက စီးပွားရေးလုပ်ငန်းအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ အသက်မွေး၀မ်းကျောင်းလုပ်ငန်းအရ သီးနှံများစွာရှိသည့်အနက် နှစ်ရှည်သီးနှံပင်ဖြစ်သည့် လိုင်ချီးပင်များကို တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ယခုအခါ လိုင်ချီးသီးများကို နှစ်စဉ် ၀ယ်ယူစားသုံးသူများလာခြင်း၊ စျေးကွက်များ ကျယ်ပြန့်လာခြင်းကြောင့် နှစ်စဉ် စျေးနှုန်းကောင်းများ ရရှိလာပြီး ခြံပိုင်ရှင် တောင်သူများ အနေဖြင့် အပို၀င်ငွေများ ရရှိလာမှုကြောင့် လိုင်ချီးသီးအပင်များကို သဘာ၀အတိုင်း ဖြစ်သလိုမထားရှိတော့ပဲ မိမိဥယျာဉ်ခြံ၀န်း၌ စနစ်တကျ စိုက်ပျိုးလာကြကြောင်း သိရသည်။
အဆိုပါ လိုင်ချီးသီးပင်များကို လိပ်သိုဒေသရှိ ကျေးရွာပေါင်း (၃၀) ကျော်တွင် ရှင်သန် ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး ယခုနှစ်တွင် ရာသီဥတုအခြေအနေအရ လိုင်ချီးသီး အထွက်နှုန်းနည်းပြီး ယခု ပေါ်စအချိန်တွင် တစ်ပိဿာထုပ် တစ်ထုပ်ကို ကျပ် (၂၅၀ဝိ/-) နှုန်း ရောင်းချရကြောင်း သိရပါသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)