လှိုင်းဘွဲ မေ ၁၇
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ သောက်သုံးရေ အခက်အခဲမရှိစေရေးနှင့် ရေကောင်းရေသန့် ရရှိစေရေးအတွက် ကုလားကုန်းကျေးရွာ၊ တောင်ကလေး ကျေးရွာနှင့်ပျဉ်းကတိုးကျေးရွာများရှိ တွင်းနက်တူးဖော်ခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူး ခရိုင်ဦးစီးမှူး ဦးဝင်းဇော်၊ ခရိုင်တာဝန်ခံအင်ဂျင်နီယာ ဦးစီးအရာရှိ(နည်းပညာ) ဦးစောအောင်မျိုးမြင့်၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်းနှင့်တာဝန်ရှိသူများက ၂၀၂၀/၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ်(၁၅.၂) သန်းဖြင့် ကုလားကုန်းကျေးရွာတွင် တွင်းနက်တူးဖော်ခြင်း၊ ပြည်နယ်အစိုးရ ရန်ပုံငွေ ကျပ်(၁၁.၅)သန်းဖြင့် တောင်ကလေး ကျေးရွာနှင့် ပျဉ်ကတိုးကုန်းကျေး ရွာတွင် တွင်းနက်တူးဖော်ခြင်း လုပ်ငန်း များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)