အလုံမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်

 
အလုံ မေ ၁၇
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၉:၀၀) နာရီအချိန်က အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အလုံမြို့နယ်၊ ဂဠုန် ရပ်ကွက်ရှိ အမှတ်(၁၂) အခြေခံပညာ မူလတန်းကျောင်းသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဆန်းထွန်း၊ အဖွဲ့ဝင် (၂) ဦးမောင်မောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟစိုးတို့မှ ကျောင်းအုပ်ဆရာမကြီး၊ ရပ်ကွက်အတွင်းရှိ ရပ်မိရပ်ဖများနှင့်တွေဆုံ၍ ကျောင်းလုံခြုံရေးကိစ္စများ၊ သန့်ရှင်းရေးကိစ္စများနှင့် ကျောင်းအပ်နှံရေးကိစ္စ များအား ဆွေးနွေးပြောကြားခြင်းနှင့် လိုအပ်ချက်များကို ကူညီပံ့ပိုးဆောင် ရွက်ခဲ့သည်။
အခြေခံပညာကျောင်းများကို ဇွန်လ (၁)ရက်နေ့မှ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး မေလ ၂၄ ရက်နေ့မှ ၃၁ ရက် နေ့ကို ကျောင်းအပ်နှံရေးရက်သတ္တပတ် အဖြစ် ဆောင်ရွက်မှာဖြစ်ကာ မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း(၆)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်း၊ မူလတန်းကျောင်း (၆)ကျောင်း စုစုပေါင်း (၁၃) ကျောင်းအား ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးဆောင်ရွက် ခြင်း နှင့် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)