ပန်းဘဲတန်းမြို့နယ်၊ (၄)ရပ်ကွက်၊ ကုန်စျေးတန်းလမ်း (အလယ်ဘလောက်) တွင် မီးလောင်မှု ဖြစ်ပွား

 
ရန်ကုန် မေ ၁၇
 
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်(၄)ရပ်ကွက်၊ ကုန်စျေးတန်းလမ်း (အလယ် ဘလောက်)၊ အမှတ်(၂၄၄/၂၄၆)၊ Myanmar Supply Co. Ldt (စားသောက်ကုန် အနံ့နှင့် ဓာတု ကုန်ကြမ်း ပစ္စည်းအရောင်းဆိုင်) (၃)ထပ် အဆောက်အဦတွင် ယမန်နေ့နံနက် ၁၁ နာရီ ၁၅ မိနစ်က စတင်မီးလောင်မှု ဖြစ်ပွားသဖြင့် လူနေတိုက်ခန်း(၅)ခန်း၊ စျေးဆိုင်ခန်း(၄)ခန်း၊ အခန်းလွတ် (၃) ခန်း၊ စုစုပေါင်း(၁၂)ခန်းမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
 
အဆိုပါမီးလောင်မှု ဖြစ်ပွားရာသို့ အမှတ်(၁) စစ်ဗျူးဟာမှူး ဗိုလ်မှူးကြီးစိုးထွန်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်တို့မှ ဦးဆောင်မှုဖြင့် မီးငြိမ်းသတ်ယဉ်(၄၅) စီး၊ ရေသယ်ယဉ် (၃)စီး၊ အထောက်အကူပြု ယဉ်(၃)စီး၊ အုပ်ချုပ်မှု ယဉ်(၇)စီး၊ ကွက်ကဲမှုယဉ် (၈) စီး၊ ရဲတပ်ဖွဲ့ လှည့်ကင်း ရေသယ်ယာဉ် (၂) စီး၊ သန္ဓေ မီးသတ် တပ်တပ်ဖွဲ့ ဝင်(၄၇၀)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၆၇)ဦး၊ လုံခြုံရေး တပ်ဖွဲ့ဝင် များနင့် ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် နံနက် (၁၂)နာရီ (၅၀) မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မီးလောင် ခန့်မှန်းဆုံးရှုံးမှု တန်ဖိုးနှင့် မီးလောင်ကျွမ်းမှု ဖြစ်စဉ်များကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေး အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
 
ကျော်ဆန်းမြင့်