သတင်းများ

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
May 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာမြင့်ကျော်၏ "ခယောင်းလမ်းမှသည် ပန်းလွင်ပြင်ဆီသို့'' စာအုပ်စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းဖြင့် မိတ်ဆွေ အပေါင်းအသင်း တိုးပွားခြင်း၊ စာပေဗဟု သုတများတစ်ဦးနှင့်တစ်ဦး အပြန်အလှန် အတွေ့အကြုံများ ဖလှယ်နိုင်ကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ အမျိုးသမီးအိမ်တွင်းမှုအဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်(၁)ဖွင့်လှစ်
May 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အမျိုးသမီးအိမ်တွင်းမှုအဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၁)ကို ယနေ့နံနက်(၉)နာရီက အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနား ကျင်းပ
May 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်၌ ကျင်းပခဲ့ကြောင်း သိရသည်။