ကျိုက်ဒုံ မေ ၁၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ(၂၀၂၀-၂၀၂၁)ခုနှစ်၊ဘဏ္ဍာနှစ် ပြည်နယ် ဘတ်ဂျက် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွဖြင့် သီတာလမ်း ကတ္တရာထပ်ပိုး လွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျိုက်ဒုံမြို့အမှတ်(၄)ရပ်ကွက် သီတာလမ်းမှာ လမ်းပေ အရှည် (၉၅၀)ပေ ၊အကျယ်(၁၂)ပေ၊(၃) လက်မ ထုရှိပြီး ဒေသနေပြည်သူများ ရာသီမရွေး သွားလာနိုင်စေရေးအတွက် ကျိုက်ဒုံမြို့စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်သည်။
ကျိုက်ဒုံ(ပြန်/ဆက်)