ကရင်ပြည်နယ် ကျောက်ကလာပ်စေတီတော်မြတ်ကြီးရင်ပြင်တွင် ပထမကြိမ် ကရင်စာပေ သင်တန်းဆင်းပွဲ ကျင်းပ

 

ဘားအံ      မေ   ၁၇

 

ကရင်ပြည်နယ် ကျက်သရေဆောင် ကျောက်ကလာပ်စေတီတော်မြတ်ကြီးရင်ပြင် ချမ်းသာကြီးဘုရား ကျောင်းဆောင်တော်တွင်  ပထမကြိမ် ကရင်စာပေ သင်တန်းဆင်းပွဲကိုတော့ မေလ(၁၅)ရက်နေ့ နံနက် (၁၀) နာရီအချိန် တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါကရင်စာပေသင်တန်းဆင်းပွဲသို့ ကျောက်ကလာပ် ဘုန်းတော်ကြီးကျောင်း ဆရာတော်နှင့် တပည့် ဒါယကာများနှင့် ကျေးရွာပေါင်း(၁၀)ကျော်မှ ကရင်တိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။

 

၄င်းသင်တန်းကို ဧပြီလ ၂၄ရက်နေ့ မှ စတင်သင်ကြားလာခဲ့ရာ အရှေ့ပိုး ကရင်စာပေ မူလတန်းဆင့်အား မေလ(၁၅)ရက်နေ့ထိ တစ်လနီးပါး သင်ကြားခဲ့ပြီး ကရင်ပြည်နယ်အတွင်းရှိ ဘားအံ မြို့နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်၊ လှိုင်းဘွဲမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် ကရင်စာပေ ယဉ်ကျေးမှု သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ကြပြီး သင်တန်းဆင်းပွဲကို ကျေးရွာအုပ်စုလိုက် ကျင်းပ ပြုလုပ်​ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်