သတင်းများ

မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သံလွင်တံတား (မော်လမြိုင်) ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
May 18,2021
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင် ဦးအောင်ကြည်သိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတို့သည် ယနေ့နံနက် ၁၀ နာရီက မော်လမြိုင်မြို့ သံလွင်တံတား (မော်လမြိုင်) ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဂွမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး လူစည်ကားရာ နေရာများတွင် Mask   Campaign ပြုလုပ်
May 18,2021
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီခွဲက ဂွမြို့ လူစည်ကားရာ နေရာဖြစ်သော မီးပွိုင့်လမ်းဆုံတွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် Mask Campaign ပြုလုပ်ကာ ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင်အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး  ကွင်းဆင်းဆောင်ရွက်
May 18,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက်  ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၈:၃၀) နာရီအချိန်က လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှိုင်မြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်ရှိ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၅)ရပ်ကွက်ရှိ အမှတ်(၅) အ​ခြေခံပညာအလယ်တန်း​ကျောင်းများသို့ ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပဲခူးမြို့၌ ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာသည့် အလေ့အထများဖြစ်စေရန် Mask Campaign ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်
May 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရန်အတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှထုတ်ပြန်ထားသော စည်းကမ်းများလိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေး Mask Campaign ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ယမန်နေ့ နံနက်(၈)နာရီ အချိန်က Mask (၂၅၀၀) ခုကို (အခမဲ့)ဖြင့် လူစည်ကားရာ သနပ်ပင်လမ်း၊ ကျောက်ဖူးကုန်းမီးသတ်ရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးရန်ဆောင်ရွက်
May 18,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ယနေ့ နံနက်တွင် ရွှေတောင်စုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ရွှေတောင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
May 18,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းမရှိသူများအား စာရင်းပြုစုခြင်း လုပ်ငန်းဆောင်ရွက်
May 18,2021
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင်၊ လားရှိုးမြို့ပေါ် ရပ်ကွက်(၁၂)ရပ်ကွက်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နေထိုင်မှုပုံစံစိစစ်၍ အသက်(၁၆)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားရန် ကျန်ရှိသူများအားစိစစ်အတည်ပြုခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများအား စိစစ်ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေဦးဦးဆောင်၍ တိုက်နယ်မှူး ဝန်ထမ်းများနှင့် ရပ်/ကျေးတာဝန်ရှိသူများမှပူးပေါင်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြောင်းမြမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပညာရေးမိသားစုများ တွေ့ဆုံပွဲကျင်းပ
May 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်များ၊ ပညာရေးမိသားစုများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(၁)၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။