ကြံခင်း မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ယနေ့ နံနက်တွင် ရွှေတောင်စုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ပေးခြင်းသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားတိုင်း အိမ်ထောင်စုလူဦးရေစာရင်း နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား များဆောင်ရွက်ပေးနိုင်ရေး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းကို ကြံခင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဦးစီးအရာရှိဦးဝင်းထူးနှင့် ဝန်ထမ်းများ က ကြံခင်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်/ကျေးရွာများရှိ ဒေသခံပြည်သူများအား (၃-၅-၂၀၂၁)မှ စ၍ ဆောင်ရွက်ပေးရာမှ (၃-၇-၂၀၂၂) ထိ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှသိရသည်။.
မြို့နယ်(ပြန်/ဆက်)