ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်းနှင့် စက်တပ်သမ္ဗန်ကူးတို့ဆိပ်(၁၁) ဆိပ်တို့၌ ခရီးစဉ်များ ပုံမှန်ပြေးဆွဲပို့ဆောင်
May 18,2021
ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း နှင့် ဒလမြို့နယ်အတွင်းရှိ စက်တပ်သမ္ဗန်ကူးတို့ဆိပ်(၁၁) ဆိပ်တို့တွင် ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်က ခရီးသွား မိဘပြည်သူများအနေဖြင့် ရန်ကုန်မြို့တွင်းသို့ ပုံမှန်ကူးသန်း သွားလာလျက်ရှိပြီး၊ ယနေ့နံနက်ပိုင်းက လမ်းမတော်မြို့နယ် အမှတ်(၃)ရပ်ကွက်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားနေခြင်းကြောင့် ရန်ကုန်(စဉ့်အိုးတန်း)ဆိပ်ကမ်းသို့ ကူးတို့ ပို့ဆောင်ပြေးဆွဲနေသော ဒလမြို့နယ်မှ စက်တပ် သမ္ဗန်ကူးတို့ဆိပ် ၅ ခု အနေဖြင့် မိနစ် ၄၀ ကျော်ခန့် ခရီးသည်များ လုံခြုံမှုရှိစေရေးအတွက် ခေတ္တသွားလာမှု ပိတ်ထား ခဲ့ခြင်းဖြစ်ကြောင်း၊ သင်္ဘောဆိပ်ကမ်းနှင့် စက်တပ်သမ္ဗန် ကူးတို့ဆိပ်များ အားလုံး ပိတ်ထားခြင်း မရှိကြောင်း သိရသည်။