Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
တံတားဦးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံထိခိုက်ပျက်စီးသည့် တောင်သူများအား ထောက်ပံ့ ငွေများပေးအပ်
May 18,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခုနှစ် မိုးရာသီ၌ ဧရာဝတီမြစ်ရေနှင့် ပန်းလောင်မြစ်ရေ လျှံတက်ခြင်းတို့ကြောင့် သီးနှံများ ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် တက္ကသိုလ်ဝင်လမ်းညွှန်များ ထုတ်ပေး
May 18,2021
ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အခြေခံပညာ အထက်တန်းအောင်မြင်ပြီး သူများအား တက္ကသိုလ်ဝင်လမ်းညွှန်နှင့် အမှတ်စာရင်းများကို အခြေခံပညာ အထက်တန်းကျောင်းများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် လျက်ရှိ
May 18,2021
ရန်ကုန်တောင်ပိုင်းခရိုဂ်၊ သန်လျင်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွက် အခြေခံ ပညာကျောင်း များပြန်လည် ဖွင့်လှစ်နိုင်ရေး ပညာရေးဝန်ကြီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာနတို့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်၊ မြို့မဈေးကြီးအတွင်း (Mask) တပ်ဆင်သွားလာခြင်း မရှိသူများအား အသိပညာပေး ခြင်းနှင့် Mask အခမဲ့ ဖြန့်ဝေခြင်းဆောင်ရွက်
May 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများ ပူပေါင်း၍ Mask တပ်ဆင် သွားလာခြင်းမရှိသူများအား အသိပညာပေး ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပေါင်းတည်မြို့မဈေးကြီးအတွင်း
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ အစားထိုးသီးနှံ နှစ်ချင်းမျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ
May 18,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက အစားထိုးသီးနှံ နှစ်ချင်းမျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးခြင်းနှင့် Mask နှာခေါင်း စည်းများ ဖြန့်ဝေ
May 18,2021
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဉက္ကဌ၏ လမ်းညွှန်ချက်အရ ပုလောမြို့နယ် စီမံ အုပ်ချုပ်ရေး အဖွဲ့ ဉက္ကဌ ဦးစိုးလွင် ဦးဆောင်သော အဖွဲ့သည် ယနေ့နံနက် ၈ နာရီက ပုလောမြို့ လူစည် ကားရာ နေရာ ဖြစ်သော ပလာဇာရှေ့တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းကို ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်
May 18,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းများကို ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မိတ္ထီလာမြို့စက်မှုဇုံရှိ ချန်းကျန်စက်မှု အထည်ချုပ် စက်ရုံတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာမပေါက်ပေါက် “စာနာအလိုက်သိစွာ အတွေးအမြင်အနုပညာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
May 18,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီတွင် ပြည်သူများ အသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28601
Page
28602
Page
28603
Page
28604
Current page
28605
Page
28606
Page
28607
Page
28608
Page
28609
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department