သတင်းများ

ဝေါမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်နှင့်အညီ စာငှားဝန်ဆောင်မှုပေး
May 18,2021
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ စာငှားဝန်ဆောင်မှုပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများသို့ Mobile စာငှားစနစ်ဖြင့် ဝန်ဆောင်မှုပေး
May 18,2021
ပဲခူးတိုင်းဒေသကြီး ၊ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ် ဝါသနာပါသူများအား စာပေနှင့်စဉ်ဆက်မပြတ် ထိတွေ့စေရေး အတွက် Mobile စာဌားစနစ်ဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဌာနဆိုင်ရာများသို့ Mobile Library ကွင်းဆင်း ဆောင်ရွက် ခဲ့သည်။
ကြို့ပင်ကောက်မြို့တွင် အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ် အထိ စံချိန်တင်မြင့်တက်
May 18,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မေလ ၁၇ ရက်နေ့က အပူချိန် ၄၁ ဒီဂရီစင်တီ ဂရိတ် အထိမြင့်တက်ခဲ့ကြောင်း ကြို့ပင်ကောက်မြို့ မိုးလေဝသစခန်းမှသိရသည်။
ဇီးကုန်း- ကံညီကို- သာပေါင်း- လယ်တွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း၏ (၇၀)ရာခိုင်နှုန်းကျော် ပြီးစီး
May 18,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးအတွက် ဇီးကုန်း- ကံညီကို- သာပေါင်း- လယ်တွင်းလမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း၏ (၇၀)ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မင်းလှမြို့တွင် မိုးရာသီသစ်ပင် စိုက်ပျိုးရန်အတွက် ပျိုးပင်‌ပေါင်း (၅၅၀၀၀)ပင်ကို မြေအစိုဓာတ် ရရှိချိန်တွင် အခမဲ့ ဖြန့်ဝေပေးမည်
May 18,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မင်းလှမြို့နယ်သစ်တောဦးစီးဌာနက  ၂၀၂၁ ခုနှစ် မိုးရာသီ စိမ်းလန်း စိုပြည် ရေး အတွက် ရွေဝါမြိုင်သစ်တော ပျိုးဥယျာဉ်တွင်ပျိုးပင်ပေါင်း(၅၅၀၀၀)ပင် ပျိုးထောင်ထားရှိကြောင်း မြို့နယ် သစ်တောဦးစီးအရာရှိထံမှသိရသည်။
ကြို့ပင်ကောက်မြို့တွင် အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ် အထိ စံချိန်တင်မြင့်တက်
May 18,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ယမန်နေ့က အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ကြောင်း ကြို့ပင်ကောက်မြို့ မိုးလေဝသစခန်းမှ သိရသည်။
စုကလိမြို့အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်
May 18,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ အခြေခံပညာအထက်တန်း ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ အတိုင်းအသိပညာပေးဆိုင်းဘုတ်များတပ်ဆင်ခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ အကွာအဝေးတိုင်းတာသတ်မှတ်​ပေးခြင်းလုပ်ငန်းများအား ယနေ့နံနက် ၁၀ နာရီ က စုကလိမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ဆရာမများ၊ ရပ်ကွက်နေပြည်သူများက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
Southern Power Grid Co;Ltd  က ပလောက်ချောင်းရေအားလျှပ်စစ် စီမံကိန်းအကြို စူးစမ်းလေ့လာမှုနှင့် PPA စာချုပ်များ ရေးထိုးနိုင်ရေး ရှင်းလင်းဆွေးနွေး
May 18,2021
Southern Power Grid Co;Ltd  က ပလောက်ချောင်းရေအားလျှပ်စစ်စီမံကိန်း အကြိုစူးစမ်းလေ့လာမှုနှင့် PPA စာချုပ်များရေးထိုးနိုင်ရေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။