ပဲခူးမြို့၌ ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာသည့် အလေ့အထများဖြစ်စေရန် Mask Campaign ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပဲခူး မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရန်အတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှထုတ်ပြန်ထားသော စည်းကမ်းများလိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေး Mask Campaign ကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ယမန်နေ့ နံနက်(၈)နာရီအချိန်က Mask (၂၅၀၀) ခုကို (အခမဲ့)ဖြင့် လူစည်ကားရာ သနပ်ပင်လမ်း၊ ကျောက်ဖူးကုန်းမီးသတ်ရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Mask Campaignအား တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့်ဆောင်ရွက် ရခြင်း ဖြစ်ပြီး ယခုအချိန်ဟာ ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်မားလာသည့်အတွက် ကျွန်တော်တို့ တိုင်းပြည်ရှိ မိဘပြည်သူများ အသိ၊ သတိတွေ ရှိစေရန်အတွက် တစ်မြို့နယ်ချင်း၊ တစ်ဦးတစ်ယောက်ချင်း အသိစိတ်ဓာတ် တွေ ရှိစေဖို့အတွက် ကျွန်တော်တို့ ပဲခူးမြို့မှာရှိတဲ့ မိဘပြည်သူတွေ အပြင်ထွက်တိုင်းနှာခေါင်းစည်း (Mask) တပ်ဆင်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများ လိုက်နာစေရန် အတွက် ပဲခူးမြို့ပေါ်ရှိ လူစည်ကားရာနေရာတိုင်းမှာ Mask Campaign များကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ရခြင်းဖြစ်ကြောင်း သိရပြီး Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီဝင်း ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီအသင်းအဖွဲ့များ ပူးပေါင်း၍ Mask Campaign ကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပဲခူးခရိုင် (ပြန်/ဆက်)