စဉ့်ကိုင်မြို့နယ် ပတ္တာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများ ထုတ်ချေး
May 18,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတတ် လာစေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှု လျှော့နည်း လာစေရေးအတွက် ရည်ရွယ်ပြီး (၂၀၂၀−၂၀၂၁)ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ချေးငွေအဖြစ် ကျေးရွာများအား အရင်းမပျောက် မတည်ရန်ပုံငွေ ကျပ်သိန်း(၃၀၀)ကို ယနေ့ နံနက်ပိုင်းက တောမကျေးရွာအုပ်စု ပတ္တာကျေးရွာတွင် စီမံကိန်းချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်၊၊