တနင်္သာရီမြို့တွင် (COVID-19)ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေး (Mask Campaign) ပူးပေါင်းပြုလုပ်ဆောင်ရွက်

 

တနင်္သာရီ-မေလ ၁၈

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်  တွင် COVID-19)ရောဂါ ကူးစက်ပြန့်ပွားမှုမရှိ စေရေးနှင့် နေအိမ်မှ ပြင်ပသို့ သွားလာသူများ နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင် သွားလာသည့် အလေ့အထ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၇ နာရီမှစ၍ ချောင်းငယ်ရပ်ကွက် ၊ဈေးလမ်း၊ အောင်မင်္ဂလာ ()ဈေး အရှေ့နှင့် စျေး အတွင်း၌ (Mask Campaign) ကိုပူးပေါင်းပြုလုပ်ဆောင်ရွက်ကြသည်။

ယင်းသို့ (Mask Campaign) ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင် ၊ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာလင်းထိုက်စိုး ၊မြို့နယ် စည်ပင် သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စိုးအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ ဒုရဲအုပ် သော်တာမျိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြိုနယ်ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ စုစုပေါင်း အင်အား(၂၀)ဦးတို့ ပူးပေါင်း၍ လမ်းသွား လမ်းလာပြည်သူများ၊ စျေးရောင်း/ဈေးဝယ် သူများနှင့် ခရီးသွား ပြည်သူများအား (Mask) မဖြစ် မနေ တပ် ဆင်ရေး အသိပညာပေးကာ  Mask မပါရှိသူများကို Mask များ အခမဲ့ တပ်ဆင် ပေးကြပြီး၊ ဈေးရောင်း သူများ အနေဖြင့် (Mask) နှင့် (Face Shield)ကို မဖြစ်မနေတပ်ဆင်ကြရေး အသိ ပညာ ပေးခြင်းဆောင်ရွက်၍ (Mask) များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။

သတင်း၊နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)