ထားဝယ်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

 

ထားဝယ်      မေ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုနောက် ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး နေမှုကို တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူ များ က ကြည့်ရှု့အားပေးပြီး ဆောင်ရွက်ပြီးစီးသည့် အိမ်ထောင်စု လူဦးရေ စာရင်း()စုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား (၂၄)ဦး ကို ဒေသခံပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

လက်ရှိ ဇာတိတွင် အမြဲတမ်းနေထိုင်၍လူဦးရေစာရင်းရှိပြီးကိုင်ဆောင်လက်မှတ်မရှိသူများ၊လက်ရှိဇာတိတွင်အမြဲ တမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ ကိုင်ဆောင် လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်း နေထိုင်သူများ အတွက်မူလ ဒေသရှိ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး လက်ရှိဒေသတွင် ကိုင်ဆောင် လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်း နေထိုင်သူများအတွက်မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိ၊ လက်ရှိဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းနှင့်ကိုင်ဆောင်လက်မှတ်မရှိသူများစသည့်တို့ကို အိမ်ထောင်စု လူဦးရေ စာရင်းနှင့်ကိုင်ဆောင်သင့်သောကတ် တစ်မျိုးမျိုးအားထုတ်ပေးမှာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဆိုင်ရာထားဝယ်မြို့နယ်ဦးစီးမှူး ဦးသက်စိုးထံမှသိရသည်။

လက်ရှိဇာတိတွင်နေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်း မရှိသူ(၃၆)စု၊အခြားဒေသမှရွှေ့ပြောင်းလာပြီးလက်ရှိ ဇာတိတွင် အိမ်ထောင်စုလူဦးရေစာရင်းမရှိသူ(၂၆၄၂)စု အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသူ (၁၁၉၄) ဦး၊ (.၁၁.၂၀၂၂)ရက်နေ့တွင်အသက်(၁၈)နှစ်ပြည့်လာမည့်သူ(၁၀၀၂)ဦး၊၂၀၂၀ ပြည့်နှစ် မဲစာရင်း အရကျန်ရှိသူ (၈၅၅၅)ဦးစသည့်တို့ကိုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေလ()ရက်နေ့မှ၂၀၂၂ခုနှစ် နိုဝင်ဘာလ()ရက်နေ့အထိ (၁၈) လကြာ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(ထားဝယ်ခရိုင်ပြန်/ဆက်)