ခင်ဦးမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း တွေ့ဆုံ

ခင်ဦး မေ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့ နေ့လယ်နေ့ (၁) နာရီက မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်း တွေ့ဆုံပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (ခရိုင်အုပ်ချုပ်ရေးမှူး) ဦးမျိုးဦးနှင့် အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်း တို့က အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူးရုံး၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင်က ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးမည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးအောင်မြင့်စိုးက မြို့နယ်ဆိုင်ရာ အချက်အလက်များကို လည်းကောင်း၊ တက်ရောက်လာသည့် ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများက မိမိဒေသနှင့် ပတ်သက်သည့် အချက်အလက် များကို ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့သည် ခင်ဦး-သင်ပေါင်းကားလမ်း ၁/၁ မှ ၂/၁ ထိ (၁) မိုင်ကို မူလကတ္တရာ လမ်းအကျယ် (၁၂) ပေမှ (၁၈) ပေအကျယ် ကတ္တရာလမ်းချဲ့၍ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းနှင့် တစ်ဖက်လျှင် (၃) ပေအကျယ် ဂျင်းလမ်းပုခုံး ပြုလုပ်ခြင်း၊ လမ်းဘေးရေမြောင်းတူ၍ (၈) ပေအကျယ် မြေသားဘောင် တင်ခြင်းခြင်း လုပ်ငန်းကို  ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေ (၂၄၂) သန်းဖြင့် ဥက္ကာမင်းခန္တီးကုမ္ပဏီက ဆောင်ရွက်နေမှုကို စစ်ဆေးခဲ့ကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)