ဒဂုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်း

ဒဂုံ မေ ၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် လူဝ​င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊  မြို့နယ်ဦးစီး အရာရှိနှင့် ဝန်ထမ်းများက ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ရန် ကျန်ရှိနေသူများစာရင်း၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ မတိုင်မီ မွေးဖွားသူများ စာရင်းအား ရပ်ကွက်()ခုအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံတွင် အပတ်စဉ် သောကြာနေ့တိုင်း အစည်းအဝေးတွင် ဝေငှပြီးဖြစ်၍ ကွင်းဆင်းဆောင်ရွက်မည့် အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ညှိနှိုင်းပြီး ကွင်းဆင်းဆောင်ရွက်မည်ဖြစ်ပြီး ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်()ခုတွင် အသက်(၁၈)နှစ်ပြည့်သူများနှင့် ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ မတိုင်မီ မွေးဖွားသူစာရင်းများအား ရပ်ကွက်မှ ပေးပို့လာသည့်  စာရင်းအတိုင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးမှ ဆောင်ရွက်ပေးလျက်ရှိသည်။

မြို့နယ်ဦးစီးအရာရှိမှလည်း ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက် ()ခု အုပ်ချုပ်ရေးမှူး များနှင့် ရပ်ကွက်စာရေးများအား အလုပ်ရုံဆွေးနွေးပွဲများ၊ လုပ်ထုံးလုပ်နည်းများအား အပတ်စဉ်ရှင်းလင်းပြ သပေးပြီးဖြစ်ပါကြောင်း သတင်းရရှိသည်။

ဒဂုံ(ပြန်/ဆက်)