သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ် အတွင်း သောက်သုံးရေများ ဖြန့်ဝေပေး
May 19,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ် စည်ပင် သာယာရေးကော်မတီ၊ ရေသန့်ဌာန၏ အစီ အစဉ်ဖြင့် မြို့နယ် ရေသန့်စက်မှ ထွက်ရှိသည့် သောက်သုံးရေများအား နွေရာသီကာလ မြို့နယ်အတွင်းရှိ ရပ်ကွက် များအလိုက် သောက် သုံးရေရရှိရန် ခက်ခဲသည့်နေရာများသို့ လိုက်လံဖြန့်ဝေ ပေးလျက် ရှိသည်။
တောင်ငူ၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ဇွန်လပိုင်းအတွင်း ကျင်းပမည်ဖြစ်
May 19,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်းရှိ စာဖြေသံဃာတော်များ ဓမ္မာစရိယနှင့် ပါဠိ ပထမပြန်စာမေးပွဲကို ဇွန် ၁ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိ သာသနာ့ဟိတကာရီဗိမာန်တော်ကြီးတွင် မွန်းတည့် ၁၂ နာရီ မှ ညနေ ၄ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း ခရိုင် သာသနာရေးဦးစီးဌာနမှ သိရသည်။
ဘုရားသုံးဆူမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
May 19,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ဘုရားသုံးဆူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့ မွန်းလွဲ ၂ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ပြုလုပ်ကျင်းပသည်။
စစ်ကိုင်းခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက် ဆောင်ရွက် သွားမည့် လုပ်ငန်းများ ရှင်းလင်းဆွေးနွေး
May 19,2021
စစ်ကိုင်းခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ကြီးမှူး၍ ပန်းခင်းစီမံ ချက်ဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နေ့နံနက်(၁၀)နာရီက စစ်ကိုင်း စက်မှုဇုန် ရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ကျောက်တန်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုအား ကွင်းဆင်းကြည့်ရှု
May 19,2021
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်လင်းသန်းနှင့် တာဝန်ရှိသူများသည် ကျောက်တန်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့၌ သောက်သုံးရေအခက်အခဲကြုံတွေ့နေရသောရပ်ကွက်များသို့ သောက်သုံးရေဂါလံ ၆၀၀၀ ကျော်အား သွားရောက်လှူဒါန်း
May 19,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ သောက်သုံးရေအခက်အခဲကြုံတွေ့နေရသည့် ရပ်ကွက်များသို့ ယနေ့၊ နံနက်(၁၀)နာရီအချိန်က လင်းရောင်ခြည်ပရဟိတအသင်းမှ သောက်သုံးရေများသွားရောက် လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
ရေးမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (TALK SHOW) ကျင်းပပြုလုပ်
May 19,2021
ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် (၂)နာရီက သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ (TALK SHOW)ကို ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့ပေါ်ရှိ ကျောင်းများ၏ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
May 19,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တွင် အခြေခံပညာ ကျောင်းများ ဖွင့်လှစ် နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အမှတ် ၁၁ အခြေခံ ပညာ မူလတန်းကျောင်းအတွင်း ရုံးတွင်း/ပြင် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ တပ်မတော်သား ၃၀ ဦးက ပါဝင်ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။