ကျောက်ဖြူမြို့၌ သောက်သုံးရေအခက်အခဲကြုံတွေ့နေရသောရပ်ကွက်များသို့ သောက်သုံးရေဂါလံ ၆၀၀၀ ကျော်အား သွားရောက်လှူဒါန်း

ကျောက်ဖြူ မေ ၁၉ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ သောက်သုံးရေအခက်အခဲကြုံတွေ့နေရသည့် ရပ်ကွက်များသို့ ယနေ့၊ နံနက်(၁၀)နာရီအချိန်က လင်းရောင်ခြည်ပရဟိတအသင်းမှ သောက်သုံးရေများသွားရောက် လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။ ထိုသို့သွားရောက်လှူဒါန်းရာတွင် လင်းရောင်ခြည်ပရဟိတ အသင်းသားများက သောက်သုံး ရေအခက် အခဲကြုံတွေနေရသည့် ရပ်ကွက်များဖြစ်သော ပြင်ဖြူမော်ရပ်ကွက်၊ စေတီတောင်ရပ်ကွက်နှင့် ဆားပြင် ကွင်းရပ်ကွက်များသို့ သွားရောက်ပြီး သောက်သုံးရေဂါလံ (၆၀၀၀)ကျော်အား လှူဒါန်းပေး လျက်ရှိသည်။ ကျောက်ဖြူမြို့ရှိ ရပ်ကွက်/ကျေးရွာအချို့တွင် ပူပြင်းသောနွေရာသီ၌ ရေတွင်းရေကန်များ ခန်းခြောက်ပြီး နှစ်စဉ်သောက်သုံးရေအခက်ခဲကြုံတွေ့နေရသဖြင့် သွားရောက်လှူဒါန်းပေးရခြင်းဖြစ် ကြောင်းနှင့်ဆက်လက်ပြီး သောက်သုံးရေအခက်အခဲကြုံတွေနေရသည့် ကျေးရွာများကိုသွားရောက်၍ လည်း လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း အဆိုပါပရဟိတ အသင်း ဥက္ကဋ္ဌထံမှသိရသည်။ တင်ထွန်းဦ၊ဖြိုးဝေလင်း