ကျောက်မဲမြို့ပေါ်ရှိ ကျောင်းများ၏ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

 
ကျောက်မဲ မေ ၁၉
 
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တွင် အခြေခံပညာ ကျောင်းများ ဖွင့်လှစ် နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အမှတ် ၁၁ အခြေခံ ပညာ မူလတန်းကျောင်းအတွင်း ရုံးတွင်း/ပြင် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ တပ်မတော်သား ၃၀ ဦးက ပါဝင်ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
 
ကျောက်မဲမြို့ပေါ်တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းပေါင်း ၁၉ ကျောင်းရှိပြီး တစ်မြို့နယ်လုံးအနေဖြင့် ကျောင်းပေါင်း ၂၃၁ ကျောင်းရှိ ကာ မေလ ၂၄ ရက် နေ့မှ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံပေးသွား မည်ဖြစ်ကြောင်းသိရသည်။
 
အဆိုပါ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းနှင့် အခြား ပြင်ဆင်မှုလုပ်ငန်းတွင် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိရာ ကူညီရန်လိုအပ်သည့် ကျောင်း များအား တပ်မတော်သားများက ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း