ဘုရားသုံးဆူ မေ ၁၉
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ဘုရားသုံးဆူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့ မွန်းလွဲ ၂ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ပြုလုပ်ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးစောရဲဝင်းထွဋ်မှ စာဖတ်ဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက် များ ပြောကြားရာတွင် စာဖတ်သည့် အလေ့အကျင့်များရရှိလာစေရန်၊ စာပေအသိပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းတွင် ဦးသိန်းကိုဦးမှ စာရေးဆရာ အောင်သင်း၏ ရေးသားထားသော ''ရည်မှန်းချက်နှင့် ပြသနာအထွေထွေ'' စာအုပ်အား စတင်ဆွေးနွေးခဲ့ပြီးတက်ရောက်လာသည့် စာအုပ်စာပေ ချစ်မြတ်နိုးသူများမှ မိမိတို့ကြိုက်နှစ်သက်ရာ ခေါင်းစဉ်များဖြင့် စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘုရားသုံးဆူ (ပြန်/ဆက်)