သတင်းများ

ဘုရားသုံးဆူမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
May 19,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မေလ ပထမပတ်မှစတင်၍ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အင်ဂျင်တစ်လုံးထိုး စက်ပြင်သင်တန်း ဆင်းပွဲ ကျင်းပ
May 19,2021
စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရန်ကုန်တောင် ပိုင်း ခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု အင်ဂျင်တစ်လုံးထိုး စက်ပြင်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက တံတားမြို့ သက်မွေးပညာသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ လှိုဏ်ဂူတော်အတွင်း၌ (၁၃၀) ကြိမ်မြောက် အသံမစဲ မဟာပဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
May 19,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ လှိုဏ်ဂူတော်အတွင်း၌ (၁၃၀) ကြိမ်မြောက် အသံမစဲ မဟာပဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းဦး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအား ကြည့်ရှုစစ်ဆေး
May 19,2021
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းဦးသည် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်၊ မကွေးခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ဆွေဦးနှင့်အတူ နတ်မောက် မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက နတ်မောက် မြို့နယ် သမုန်းပင်ကျေးရွာ သောက်သုံးရေရရှိရေး စက်ရေတွင်းတူးဖော်ပြီးစီးမှု အခြေ အနေအား ကြည့်ရှုစစ်ဆေးသည်။
အခြေခံပညာစာသင်ကျောင်းများဖွင့်လှစ်နိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
May 19,2021
ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂) ၌ ကျင်းပသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ ပန်းလိုချင် အပင်ကို ပျိုးတတ်မှ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်း
May 19,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် ပြည်သူများ အသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေး ရည်ရွယ်၍  စာဖတ်ဝိုင်း ကျင်းပကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ် -၁၉ စည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ် ဆောင်ရွက်
May 19,2021
ပြည်သူများ စာပေဗဟုတတိုးပွားစေရန်နှင့် အသိပညာရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုလမ်းနှင့် ပင်လုံလမ်းဆုံရာ  မဝတလမ်းဆုံရှိ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရုံးတွင် ဖွင့်လှစ် ဆောင်ရွက် လျက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တ ယာယီ ပိတ်ထားခဲ့ရာ ယခုအခါ ကိုဗစ် -၁၉ စည်းကမ်း များနှင့်အညီ အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့ နံနက် ၀၉း၃၀ နာရီမှ ညနေ၄း၃၀ နာရီ အထိ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိသည်။