ဆိပ်ကြီးခနောင်တို မေ ၁၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ် စည်ပင် သာယာရေးကော်မတီ၊ ရေသန့်ဌာန၏ အစီ အစဉ်ဖြင့် မြို့နယ် ရေသန့်စက်မှ ထွက်ရှိသည့် သောက်သုံးရေများအား နွေရာသီကာလ မြို့နယ်အတွင်းရှိ ရပ်ကွက် များအလိုက် သောက် သုံးရေရရှိရန် ခက်ခဲသည့်နေရာများသို့ လိုက်လံဖြန့်ဝေ ပေးလျက် ရှိသည်။
“ကျွန်တော်တို့ အဓိကဖြန့်ဝေပေးတာတော့ ကန်ရေကို တဆင့်ဖြန့်ဝေပေးတဲ့ ရပ်ကွက်အလိုက်မှာရှိတဲ့ အုတ်ကန် တွေနဲ့ အလှမ်းဝေးတဲ့ ပြည်သူတွေ သောက်သုံးရေရအောင် ရေဂါလံ ၁၂၀၀ဆံ့ ရေသယ်ယာဉ်(ကား)နဲ့ လိုက်လံ ဖြန့်ဝေပေးတာပါ” ဟု ရေသန့် ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်နှင့် လူဦးရေ သုံးသောင်းကျော် နေထိုင်လျက်ရှိရာ မြို့နယ်နေ ပြည်သူများ အနေဖြင့် ရပ်ကွက် မိုးရေနှင့် ကန်ရေကိုသာ အဓိကထားသုံးစွဲနေရပြီး၊ နွေရာသီကာလ ရေခန်း ခြောက်ချိန်တွင် သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ယခုကဲ့သို့ လိုက်လံဖြန့်ဝေပေးခြင်း ဖြစ် ကြောင်း သိရသည်။
ဝေယံ-IPRD