ရေး မေ ၁၉
ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် (၂)နာရီက သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ (TALK SHOW)ကို ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေနွေးပွဲတွင် ရေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံး တာဝန်ခံ ဒေါ်သဉ္ဇာအောင်မှ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ရည်ရွယ်ချက်များ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးများအား ထောက်ပံ့ပေးမှု နွေရာသီနှင့် မိုးရာသီမကျခင်ကြား လေပြင်းအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်အချက်များ၊ လေပြင်းတိုက်ခိုက်နေချိန်တွင် ဆောင်ရွက်ရမည့် အချက်များ၊ လေပြင်းတိုက်ခတ်ပြီးနောက် ဆောင်ရွက်ရန်အချက်များနင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်က ဆက်သွယ်ရန် Hotline ဖုန်းနံပါတ်များကိုဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ရေးမြို့နယ်