တောင်ငူ၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ဇွန်လပိုင်းအတွင်း ကျင်းပမည်ဖြစ်

 

တောင်ငူ မေ ၁၉

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်းရှိ စာဖြေသံဃာတော်များ ဓမ္မာစရိယနှင့် ပါဠိ ပထမပြန်စာမေးပွဲကို ဇွန် ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိ သာသနာ့ဟိတကာရီဗိမာန်တော်ကြီးတွင် မွန်းတည့် ၁၂ နာရီ မှ ညနေ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း ခရိုင် သာသနာရေးဦးစီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ် ဓမ္မာစရိယစာမေးပွဲနှင့်ပါဠိပထမပြန်စာမေးပွဲ (ကြီး လတ်၊ ငယ်၊ မူ) ဖြေဆိုခြင်းဖြင့် သာသနာတော် သုံးရပ်၏ အခြေခံမူလဘူတဖြစ်သော ပရိယတ္တိသာသနာတော်မြတ် သန့်ရှင်းတည်တံ့ပြန်ပွားထွန်းကားရေးကို ရှေးရှု၍ ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ကာ နေလို လလိုထွန်းလင်းတောက်ပနေစေရန်အတွက် ဆရာတော် သံဃာတော်များ၊ သီလရှင်များ အား သာသနာရေးဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ဆက်ကပ်နိုင်ရန် ရည်ရွယ်ကာ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

တောင်ငူမြို့နယ်အတွင်း ဓမ္မာစရိယစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းတိုက်များမှ ရဟန်း သာမဏေ သီလရှင် များ စုစုပေါင်း (၄၄၅)ပါး နှင့် ပါဠိပထမပြန်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ရဟန်း သာမဏေ သီလရှင် များ စုစုပေါင်း (၂၇၂) ပါး တို့ဖြစ်ပြီး စုစုပေါင်း စာမေးပွဲဖြေဆိုမည့် ၇၂၄ ပါးတို့အား သက်မှတ် စည်းကမ်း ချက်များနှင့်အညီ ကျင်းပမည်ဖြစ်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ စီစဥ်ပြု လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်