စစ်ကိုင်း မေ ၁၉
စစ်ကိုင်းခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ကြီးမှူး၍ ပန်းခင်းစီမံ ချက်ဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နေ့နံနက်(၁၀)နာရီက စစ်ကိုင်း စက်မှုဇုန် ရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲသို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဆန်းထွန်းစိန်က အဖွင့်အမှာစကား ဆွေးနွေးပြောကြာပြီး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်မောင်အေးက နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းရင်း သားများနှင့် ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင် ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းအား အမြန်ပြီးစီးအောင်မြင်ရေးအတွက် စစ်ဆင်ရေးတစ်ရပ်ကဲ့သို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အကြမ်းဖျဉ်းစီမံချက်အနေဖြင့် လက်ရှိဇာတိ ဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူ၊ လက်ရှိ ဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများ၊ ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့်ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ခရိုင်အတွင်း စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ်များတွင် လူဦးရေ(၁၈၈၀၀)ကျော်ခန့် ဆောင်ရွက် ပေးသွားရမှာဖြစ် ကြောင်း၊ စီမံချက်ကာလအနေဖြင့်(၁၈)လကြာ ဆောင်ရွက်ပေးသွားမည်ြဖစ်ကြောင်းစသည်ဖြင့် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး က နိုင်ငံသားထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းစဉ်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး စစ်ကိုင်းစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌဦးကိုကိုမြင့်က လက်ရှိစက်ရုံများ လည်ပတ်နေမှုအခြေ အနေများနှင့် အလုပ်သမားများ အိမ်ထောင်စုလူဦးရေနှင့် ကိုင်ဆောင် လက်မှတ် ရှိ/ မရှိ အခြေအနေများ ကို တင်ပြဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
ဇော်မြင့်နိုင်