သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင်း ဒေသခံပြည်သူများနှင့် ကလေးငယ်များတွင် ဗိုင်းရပ်စ်ရောဂါပိုးနှင့် ပတ်သက်ပြီး ဖြစ်ပွားသည့် ၀မ်းပျက်၀မ်းလျှောရောဂါ ဖြစ်ပွားမှုများကင်းဝေးစေရန်အတွက် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပုံမှန်ကာကွယ်
Feb 01,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုရိုနာဗိုင်းရပ်(စ်) (အဆုတ်ရောင်ရောဂါ)ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။
ချောင်းဦးမြို့၌ ပုံမှန် ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ပြင်းထန် ၀မ်းပျက်၀မ်းလျှော(Rota Virus) ကာကွယ်ဆေး စတင်ထည့်သွင်း တိုက်ကျွေးခြင်း အသိပေးရှင်းလင်း ဆွေးနွေးပွဲ ကျင်းပ
Feb 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင်း ဒေသခံပြည်သူများနှင့် ကလေးငယ်များတွင် ဗိုင်းရပ်စ်ရောဂါပိုးနှင့် ပတ်သက်ပြီး ဖြစ်ပွားသည့် ၀မ်းပျက်၀မ်းလျှောရောဂါ ဖြစ်ပွားမှုများကင်းဝေးစေရန်အတွက် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ပြင်းထန် ၀မ်းပျက်၀မ်းလျှော(Rota Virus) ကာကွယ်ဆေးစတင်ထည့်သွင်းတိုက်ကျွေးခြင်း အသိပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၁)နာရီက ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး ရန်ပုံငွေပေးအပ်
Feb 01,2020
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွဲ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး ရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကော့ကရိတ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ သည်။
သတင်းအချက်အလက်နည်းပညာ စီမံခန့်ခွဲမှု မွမ်းမံသင်တန်း (MIS Refresher Training) ဖွင့်ပွဲကျင်းပ
Feb 01,2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြု စီမံကိန်းမှ သတင်းအချက်အလက်နည်းပညာ စီမံခန့်ခွဲမှုမွမ်းမံသင်တန်း (MIS Refresher Training) ကို ယမန်နေ့နံနက် (၉) နာရီက လူထုဗဟိုပြုစီမံကိန်းရုံးတွင် ပြုလုပ်ကျင်းပခဲ့သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းအဆောက်အအုံများအား သန့်ရှင်းရေးဆောင်ရွက်လျက်ရှိ
Feb 01,2020
ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ယဉ်ကျေးမှုနယ်မြေ လုံခြုံရေး ဌာနစိတ်မှ ကြီးကြပ်၍ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုး၊ အုတ် ကျောင်း စသည်တို့အား ၂၀၁၉ခုနှစ် ဇန်နဝါရီ ပထမပတ်မှစ၍ Area-a, Area-B ,Area-C, Area-D အပိုင်းလေးပိုင်း သတ်မှတ်ပြီး သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ Area-C အတွင်းရှိ ဘုရား (၆၃၇)ဆူခန့်ကို (၁/၂၀၁၉)မှ(၃/၂၀၁၉)အထိ သုံးလသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ Area –A အတွင်းရှိ ဘုရား(၃၈၇)ဆူခန့်ကို (၆/၂၀၁၉)မှ (၈/၂၀၁၉)အထိ သုံးလ သန့်ရှင်းရေး ဆောင်ရွက်ခံခြင်းနှင့် Area-B အတွင်းရှိ ဘုရား(၄၂၀)ဆူခန့်ကို (၉/၂၀၁၉)လမှ (၁၁/၂၀၁၉)လအထိ သန့်ရှင်းရေး သုံးလ ဆောင်ရွက်ခဲ့သည့် အ​ခြေအနေများကို သန့်ရှင်းရေး ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီမှ ကွင်းဆင်း စိစစ်ရေးအဖွဲ့များ ဖွဲ့စည်း၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ထိန်းသိမ်းရေး ဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းထံက သိရသည်။
စေတုတ္တရာမြို့နယ်၊ ပုပိုင်းကျေးရွာ အခြေခံပညာ မူလွန်ကျောင်းတွင် “အနာဂတ်ကြယ်” ကျောင်းစာကြည့်တိုက် ဖွင့်လှစ်
Jan 12,2020

စေတုတ္တရာ ဇန်နဝါရီ ၁၂