မြဝတီမြို့၌ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်−၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ  ပင်စင်လစာများ ထုတ်ပေး

မြဝတီ မေ ၂၁

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အငြိမ်းစားဝန်ထမ်းများအား  ပင်စင်လစာများကို ယနေ့နံနက်(၇) နာရီတွင် မြဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပင်စင်လစာများထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဖြစ်စေရေးအတွက် အလှည့်ကျထုတ်ပေးခဲ့သည်။

ထို့သို့ ထုတ်ပေးရာ၌ ယနေ့နံနက်ပိုင်းက မြဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်း (၄၅၀) ဦးခန့် ပင်စင်လစာများ လာရောက်ထုတ်ယူခဲ့ပြီး၊ အဆိုပါ အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများကို မေလ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရုံးဖွင့်ရက်များတွင်  ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန်းသန်းရွှေမြင့် (ပြန်/ဆက်)