မိုးညို မေ ၂၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညို မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညို မြို့နယ်အတွင်း မေလ(၁၀)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၂)အုပ်စု၊ ကျေးရွာ (၂)ရွာမှ ပြိုလဲနေအိမ်တစ်လုံးနှင့် အမိုးလန်နေအိမ်တစ်လုံး တို့အတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းရုံးရှိ ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ်တစ်လုံးနှင့် အမိုးလန်နေအိမ် တစ်လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ၁၃၀၀၀၀ ကျပ်၊ အိမ်ထောင်စု(၂)စုရှိ လူဦးရေ (၆)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ ၁၂၆၀၀ ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ ၁၄၂၆၀၀ ကျပ်နှင့် အဆိုပါပြိုလဲနေ အိမ်တစ်လုံးအတွက် ထောက်ပံ့ရေးပစ္စည်း (၁၇)မျိုး (ပလပ်စ တစ်ပုံး အပါ) တစ်အိမ်ထောင်စာအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။ ကိုမင်း(မိုးညို)