သတင်းများ

မိုးနဲမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အမျိုးသားလူမှုရေး ပင်စင်များ အိမ်တိုင်ရာရောက် ထောက်ပံ့
May 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ၊မိုးနဲမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် အမျိုးသားလူမှုရေး ပင်စင်များကို ယနေ့ နံနက် ၈ နာရီအချိန်က ရပ်ကွက်နှင့်ကျေးရွာများသို့ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးလျက်ရှိ‌ကြောင်း သိရသည်။
သရက်မြို့၌ အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန် ထုတ်ပေး
May 21,2021
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားဝန်ထမ်းများအား မေ ၂၁ ရက် နံနက်ပိုင်းမှ စတင်၍ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
တောင်ကြီး၌ ၂၀၂၀ ပြည့်နှစ် အစိုးရဓမ္မာစရိယ စာမေးပွဲ မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
May 21,2021
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၀ ပြည့်နှစ် အစိုးရဓမ္မာစရိယ စာမေးပွဲ မဟာဘွဲ့နှင်း သဘင်အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပြီး အစိုးရဓမ္မာစရိယအောင် သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် အဆောင် အယောင်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဝန်းသိုမြို့နယ်တွင် မြေပဲသီးနှံပေါ်ချိန် မြေပဲနုတ်ချွေအငှားလိုက်သူများ တစ်ပိုင်တစ်နိုင်ဝင်ငွေရရှိ
May 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် မြေပဲသီးနှံပေါ်ချိန် မြေပဲတစ်တင်းကို ငွေကျပ် ၁၅၀၀နှုန်းဖြင့် မိသားစုအလိုက်တစ်ရက်ကို ငွေကျပ် ၅၀၀၀၊ ၁၀၀၀၀ ရရှိ၍ မြေပဲနုတ်ချွေ အငှားလိုက်သူများ တစ်ပိုင်တစ်နိုင်ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
May 21,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀နာရီမှ မွန်းတည့် ၁၂ နာရီအချိန်အထိ ၂၀၂၁-၂၀၂၂ခု ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နှိင်ရေးနှင့် ကျောင်းအပ်နှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ် သည်။
နတ်မောက်မြို့နယ်သမှုန်းပင်( အနောက်)ကျေးရွာသို့သောက်သုံးရေများသွားရောက်လှူဒါန်း
May 21,2021
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ် သမှုန်းပင်(အနောက်)ကျေးရွာသို့ ယမန်နေ့နံနက် (၁၀)နာရီ အချိန်ခန့်က သောက်သုံးရေများသွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများ ဇွန်လ (၁)ရက်နေ့မှ စတင်၍ ဖွင့်လှစ် သင်ကြားမည်
May 21,2021
နေပြည်တော် ၊ ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများ ဇွန်လ (၁)ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။
ရေးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်
May 21,2021
ရေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် ၃နာရီအချိန်က စာရေးဆရာဖေမြင့်၏ " အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း" စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။