ပုသိမ် မေ ၂၇
ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရေပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရေပြင်ရှာဖွေကယ်ဆယ်ရေး သင်တန်း သရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဆွေ၀င်း ဦးဆောင်၍ ပုသိမ်မြို့ ကန်သာယာကွင်း ရေပြင်၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး သင်တန်းသရုပ်ပြပွဲ ကျင်းပခဲ့သည်။
သရုပ်ပြပွဲကို ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။
ရှေးဦးစွာ ရေပြင်တွင်ဖြစ်ပေါ်လျက်ရှိသော ဘေးအန္တရာယ်များကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်း ရလျှင်ရခြင်း ရှာဖွေ ကယ်ဆယ်ရေး အထူးတပ်ဖွဲ့မှ အမြန်ဆုံးထွက်ခွာ၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို သရုပ်ပြဆောင်ရွက်ကြရာ၊ သရုပ်ပြတပ်ဖွဲ့မှ လှေတိမ်းမှောက်နေသည်ဟု သတင်းရရှိချိန်တွင် Speed Boat ဖြင့် သွားရောက်ကယ်ဆယ်မှုအား သရုပ်ပြခြင်း၊ လှေမီးလောင် နေကြောင်း သတင်း ရရှိချိန်တွင် ဂျက်စကီးအသုံးပြုကာ Dry Chemical Power မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်မှု သရုပ်ပြခြင်း၊ ရေနစ်နေသူအား Intelligence Lifebuoy များဖြင့် သွားရောက်ကယ်ဆယ်မှု သရုပ်ပြခြင်းနှင့် Intelligence Lifebuoy၊ ဂျက်စကီး၊ Speed Boat တို့ဖြင့် စီတန်းမောင်းနှင်ပြီး ဂုဏ်ပြုအလေးပြုခြင်း တို့ကို သရုပ်ပြကြ သည်။
သရုပ်ပြပွဲအပြီးတွင် တိုင်းဒေသကြီးကောင်စီဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများက ပြသထားသောရေပြင် ရှာဖွေကယ်ဆယ်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းများကို ကြည်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ရေပြင်ရှာဖွေကယ်ဆယ်ရေး သင်တန်းကို ၂၀၂၁ ခုနှစ်၊ မေလ(၁၇)ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားခြင်းဖြစ်ပြီး မေလ(၂၈) ရက်နေ့တွင် သင်တန်းဆင်းမည်ဖြစ်ရာ သင်တန်းသို့ သင်တန်းသား(၅၀)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
မောင်မောင်မြင့်(iprd)