တောင်သာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်း ဆောင်ရွက်

တောင်သာ မေ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးရေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က မကြီးချိုကျေးရွာ အုပ်စုအတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တောင်သာမြို့နယ် ဦးစီးမှူးရုံး ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပန်းခင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တောင်သာ မြို့နယ် ဦးစီးမှူးရုံးမှ လဝကမှူး ဦးကိုကိုကြီးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ ပူးပေါင်း၍ မကြီးချိုကျေးရွာအုပ်စုတွင် နေထိုင်လျက်ရှိသော ဒေသခံပြည်သူများအား မွေးရာပါ နိုင်ငံသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ် ထုတ်ပေးရေး ပန်းခင်းစီမံချက်အရ နေထိုင်မှုပုံစံများအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ရာတွင် နိုင်-၃(က) ကျား(၉)ဦး၊ မ(၁၅)ဦး၊ နိုင်-၆(က) ကျား(၁၇)ဦး၊ မ(၁၂)ဦး စုစုပေါင်း(၅၃)ဦးတို့အား နေ့ခြင်းပြီး နိုင်ငံသားစီစစ်ရေး ကတ်ပြားများကို ပြုလုပ်ဆောင်ရွက် ပေးခဲ့သည်။

ကျော်မျိုးနိုင်(တောင်သာ)