ရေစကြိုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရေစကြို မေ ၂၇

ရေစကြိုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အ.ထ.က-၁ မြတမာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇောက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပညာရေးမှူး ဦးကျော်စိုးလင်းက ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့်ဆရာ/ ဆရာမများအား အမှာစကား ပြောကြားသည်။ထို့နောက် ပညာရေးဝန်ကြီးဌာနက အခမဲ့ပေးအပ်သည့် ပြဋ္ဌာန်းပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေး ကိရိယာများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပေးအပ်ရာ သက်ဆိုင်ရာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများက လက်ခံ ရယူခဲ့ကြောင်း သိရသည်။

ဝေဇင်မို့ (ရေစကြို)