မောင်တော မေ ၂၇
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် မီးသတ်ဦးစီးဌာန နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီ အချိန်က မီးငြိမ်းသတ်ရေးနှင့် ဇာတ်တိုက် လေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ထွန်းရွှေ ခိုင်က မီးလောင်မှု ဖြစ်ပွားပါက ရှေးဦးစွာမီးငြိမ်းသတ်ဆေးဘူးဖြင့် စနစ်တကျဖြင့် မီးငြိမ်းသတ်မှု များကို ရှင်းလင်းပြောကြားပြီး မီးလောင်မှုဖြစ်ပွားနေစဉ် မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ် တတ်စေရန် ဈေးသူ၊ ဈေးသားများအား လက်တွေ့ သရုပ်ပြသစေကာ အပေါ့စား ရေစုပ်စက်ဖြင့် မီးငြိမ်းသတ်ရေးတို့ ကို ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ် မီးသတ်ဦးစီးမှူး ထွန်းရွှေခိုင် နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေး ကော်မတီဝင် ဒုဉီးစီးမှူး ဒေါ်ဉမ္မာစော နှင့် အဖွဲ့ဝင်များ ၊ ဈေးကော်မတီဝင်များက ပူးပေါင်းကာ မြို့မဈေးကြီး အတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အတွက် ရေကန်များ၊ ရေပိုက်ခေါင်းများ ၊ မီးသတ်ဆေးဘူးများ ထားရှိမှု ၊ မီးသတ် ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ် တပ်ဆင် ကြစေရန်နှင့် ဈေးအတွင်း လှည့်လည် ကြည့်ရူစစ်ဆေး အကြုံပြုခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး