မတ္တရာမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မတ္တရာ မေ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က (မတ္တရာ) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်မိုးမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်ဆွေဝင်းမှ ကျောင်းအပ်နှံရေး၊ ကျောင်းသုံးဗလာ စာအုပ်များနှင့် ပြဌာန်းစာအုပ်များ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများအခမဲ့ ထောက်ပံ့မည့် အစီအစဉ်များနှင့် ကျောင်းလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကျောင်းသုံးစာအုပ်များနှင့် စာရေး ကိရိယာများကို ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများမှ လက်ခံရယူခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြိုနယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပြီး အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)