အုတ်တွင်း မေ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် မြို့နယ်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးမင်းကိုကိုက ကလေးသူငယ်အခွင့်အရေးဖြစ်သည့် ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်နှင့် ပါဝင်ခွင့်များ ရရှိအောင် ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့် ပတ်သက်၍ ရရှိပိုင်ခွင့်ရှိသည့် အခွင့်အရေးများ ဆိုင်ရာ ဥပဒေများ၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်များနှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခင်မာ(ပြန်/ဆက်)