ထန်းတပင်မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ထန်းတပင် (ပဲခူး)   မေ    ၃၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့်က ကျောင်းနေအရွယ် ကလေးများ၊ ကျောင်းတက်ရမည့်ကလေးများ ကျောင်းသို့ရောက်ရှိရေး အားလုံးဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန်၊ ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာနှင့်ပညာကို ဆုံးခန်းတိုင်အောင် သင်ကြားစေလိုကြောင်း ပြောကြားပြီး တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်ဦးက         ကျောင်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများက ဗလာစာအုပ်များ၊ ဘောပင်များ၊ ခဲတံများကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများထံသို့ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။  အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် ( ပြန်/ဆက်)