မိုင်းဆတ် မေ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့မဈေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့မဈေးတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်သူက မြို့မ ဈေးအတွင်း ဈေးရောင်းချလျက်ရှိသော ဈေးသူ၊ ဈေးသားများအား ဈေးဆိုင်ခန်းရှေ့တွင် ခင်းကျင်းထားသော ခုံများ၊ မိုးထားသောမိုးကာများအား ဈေးသိမ်းချိန်တွင် စနစ်တကျ သိမ်းဆည်းရေး၊ ဈေးဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဘူးများ ထားရှိရေး အသိပညာပေး ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဈေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ကြည်နှင့် ဈေးသူ၊ ဈေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)