သန်လျင် မေ ၃၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ သန်လျင် မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သူဌေးကွင်းကျေးရွာ ဘုရားကြီးကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး က အဖွင့်အမှာစကားပြောကြားပြီး လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်၀င်းသိန်းမှ နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်သူများအတွက် လိုက်နာရမည့်တာ၀န်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၅) ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၉၉) ကတ်တို့အား ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌဦးလှစိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးဝင်းတင်၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာပြည်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင်