လက်ပံတန်း မေ ၃၀
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးသည် မေ ၃၀ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ လက်ပံတန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကိုကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးနှင့်အဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စည်ပင်ကော်မတီဝင်များနှင့်တွေ့ဆုံရာတွင် လက်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့ဆက်သွားမည့် Road Map(၅)ချက်ကိုလည်းကောင်း၊ မြို့သန့်ရှင်းသါယါလှပရေး၊ ဒေသဖွံ့ဖြိုရေးလုပ်ငန်းများ ဆောင်ရွက်မှုများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်းကောင်း အသိပေး ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်ထားရှိသည့်ဗိုလ်အောင်ကျော်လမ်း၊ သခင်ဖိုးလကြီးလမ်းတို့အားကြည့်ရှုစစ်ဆေးပြီး ရေမြောင်းများရေစီးရေလာကောင်းရေး နှင့် လိုအပ်သည်များကိုမှာကြားခဲ့သည်။
ဆက်လက်ပြီး အ.ထ.က (၃) လက်ပံတန်းကျောင်းတွင် ပညာသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုခဲ့ပြီး လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံ သို့ သွားရောက်၍ ဆေးကုသမှုခံယူနေသည့် လူနာနှင့် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု ခဲ့ပြီးတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသတင်းရရှိသည်။
ဝင့်နန္ဒာဌေး