ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီး၌မီးဘေးလုံခြုံရေးအသိပညာပေးလက်ကမ်းစာစောင် နှင့် စတေကာများ ဖြန့်ဝေပေးလျက်ရှိ
Jun 07,2021
တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးဇော်လင်းထွန်း၏ကြီးကြပ်မှုဖြင့် မီးဘေး၊ သဘာဝ ဘေးနှင့် အခြားသောဘေးအန္တရာယ်များ အရေးပေါ် ဖြစ်ပွားလာပါက အချိန်မီကူညီတောင်းခံနိုင်ရန် ရည်ရွယ်၍ ခရိုင်/မြို့နယ်များရှိဈေးများ၊ ရပ်ကွက်ရှိနေအိမ်များ၊ အများပြည်သူ သွားလာသောနေရာများတွင် စတေကာနှင့် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင် ထားဝယ်မြို့၊ စည်ပင် သာယာစျေးကြီး၌ မီးဘေး လုံခြုံရေး အသိပညာပေး လက်ကမ်း စာစောင်နှင့်စတေကာများ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။