သတင်းများ

ကျိုက်လတ်မြို့နယ်ရုံး Community Centre ၌ စာဖတ်ဝိုင်းကျင်းပ
Jun 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ Book Club အဖွဲ့နှင့် ပူးပေါင်း၍ ယနေ့ နေ့လယ် (၁) နာရီက စာရေးဆရာအောင်သင်း ရေးသားသော ''ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ ''စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ဒက္ခိဏသီရိမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jun 07,2021
ပတ်ဝန်းကျင်ရေရှည်တည်တံ့ကောင်းမွန်ဖို့ ဂေဟစနစ်ကိုပြန်လည်ထိန်းသိမ်းကြပါစို့ ဆိုသည့် ဆောင်ပုဒ် နှင့်အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိ မြို့နယ် အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်  ဦးဇေယျာလင်း တက်ရောက်အားပေးခဲ့သည်။
ကော့မှူးမြို့နယ်တွင် နှာခေါင်းစည်း Mask တပ်ဆင်ရေးအဖွဲ့များခွဲ၍ နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 07,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင် သည့် အလေ့အကျင့်ကောင်း များ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်း လူစည်းကားရာနေရာများဖြစ်သော ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် အဖွဲ့များခွဲ၍ နှာခေါင်း စည်း Mask မတပ်ဆင်ဘဲ သွားလာနေသူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးပြီး အသိပညာပေးမှု များ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။
ငါန်းဇွန်မြို့တွင် ပါဠိပထမပြန်စာမေးပွဲကျင်းပ
Jun 07,2021
မြင်းခြံခရိုင် ငါန်းဇွန်မြို့ ရှင်ပင်မိုးကောင်းမြတ်စွာဘုရားဝင်းအတွင်းရှိ ရတနဃရ သာသနဗိမာန်၌ ယနေ့မွန်းတည့် ၁၂နာရီအချိန်က နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ဝင် ဂန္တဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တနရပတိနှင့် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ်၌ ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပ
Jun 07,2021
သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ ရဟန်း/သာမဏေများကို ယနေ့မွန်းလွဲ ၁၂ နာရီ အချိန်က မြို့နယ်သာသနာ့ဗိမာန် ဓမ္မာရုံတွင် စစ်ဆေး/ဖြေဆိုလျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး Mask Campaign ပြုလုပ်
Jun 07,2021

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့် ရောဂါ ကြိုတင် ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် မဖြစ်မနေ အကာအကွယ် Mask တပ်ဆင်သွားလာရေး Mask Campaign ကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် ပြုလုပ်ခဲ့သည်။

ဓနုဖြူမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲကျင်းပ
Jun 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ရေဝန်းကျောင်းတိုက်ရှိ ငြိမ်း (လှိုင်ထိပ်ထားသာသနာ့ဗိမာန်)တွင် ယနေ့ ဇွန်လ ၇ရက်နေ့ မွန်းတည့် (၁၂)နာရီ အချိန်မှစ၍ ၂၀၂၁- ခုနစ် ပါဠိပထမပြန်စာမေးပွဲကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲ အခမ်းအနား သို့တက်ရောက်
Jun 07,2021
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ ပြည်နယ်ဥပ ဒေချုပ်၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် တာဝန်ရှိသူများတို့သည် ယနေ့နံနက် ၁၁ နာရီက ချောင်းဆုံမြို့ နယ် ကျွန်းသာယာခန်းမတွင် ကျင်းပပြုလုပ်သည့် (ပန်းခင်းစီမံချက်)ဖြင့် ဆောင်ရွက်ခဲ့သော အိမ်ထောင် စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်သည်။