ကဝ ဇွန် ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ အင်းလုပ်ငန်းရာသီနှစ်အတွက် (တတိယ) အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် (ဒုတိယ)အကြိမ် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါရောင်းချခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီတွင် ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနား တွင် ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်က အင်း/တင်ဒါချက်များ လေလံ တင်ရောင်းချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်မောင်ဖုန်းက အင်း/တင်ဒါချက်များ၏ လေလံတင် ရောင်းချခြင်းဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီးနောက် အင်း/တင်ဒါချက်များအား လေလံတင်ရောင်းချခြင်း အစီအစဉ်ကို စတင် ပြီး ရေလုပ်သား (၆)ဦးကိုရောင်းချရာ သက္ကလချောင်း ဦးခင်မောင်ငြိမ်းမှ လေးသိန်းရှစ်သောင်းစျေးဖြင့် တင်ဒါအောင်သွားကြောင်း သိရှိရသည်။
အခမ်းအနားကို ပဲခူးခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ ရေလုပ်သားကြီးများ တက်ရောက်ခဲ့ကြပြီး နံနက်(၁၁)နာရီတွင် အခမ်း အနား အောင်မြင်စွာ ပြီးမြောက်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်