ကျိုက်မရော ဇွန် ၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းရင်းဆေးအကြောင်း သိကောင်းစရာများ အသိ ပညာပေး ဆွေးနွေးပွဲ (Talk show) ကို ယနေ့နံနက် (၁၀) နာရီက ကျိုက်မရောမြို့နယ် လူထု အခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ချိုမြတ်မြတ် ထွေးက (Talk show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြီးတိုင်းရင်း ဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဆရာမဒေါ်ယဉ်မင်းလတ်က မြန်မာ့တိုင်းရင်းဆေးပညာ ပေါ်ပေါက် လာပုံနှင့် တိုင်းရင်းဆေးပညာဖြင့် ပြည်သူ့လူထုကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ တိုင်းရင်းဆေးပညာ၏ အရေးပါပုံများနှင့် မြန်မာ့တိုင်းရင်းဆေးများ အကြောင်းကို ပြည်သူလူထုများ အသိပညာတိုးပွားစေရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး မိုးရာသီတွင် အဖြစ်များသော ဝမ်းပျက်ဝမ်းလျောရောဂါအတွက် တိုင်းရင်းဆေးပညာဖြင့် ကုသနည်းများကိုပါ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး