ပြည် ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ ရတနာရွေပြည် ခရိုင်အားကစားကွင်း၌ ယမန်နေ့ နံနက် (၇) နာရီအချိန်တွင် အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးခရိုင်အဆင့် လူရွေးပွဲကို ကျင်းပပြုလုပ်သည်။
အဆိုပါလူရွေးပွဲသို့ ပြည်ခရိုင်အတွင်းရှိ မြို့နယ် (၆)မြိုနယ်မှ အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းများ ယှဉ်ပြိုင်ကစားကြရာ ထိုအသင်းများအထဲမှ လက်ရွေးစင် အမျိုးသမီး အားကစားသမား (၁၈)ဦးကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရွေးချယ်ခံထားရသော ပြည်ခရိုင် ကိုယ်စားပြု အသက် (၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးအသင်းအား ဇွန်လ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကန့်သွင်း၍ လေ့ကျင့်သင်ကြား ပေးပြီး ဇွန်လ ၂၂ ရက်နေ့တွင် ပဲခူးမြို့၌ ကျင်းပပြုလုပ်မည့် အသက် (၂၅)နှစ်အောက် အမျိုး သမီးဘောလုံး တိုင်းအဆင့်၊ ခရိုင်(၄)ခရိုင်ပြိုင်ပွဲအား သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ပြည်ခရိုင် (ပြန်/ဆက်)