ဒိုက်ဦး ဇွန် ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာန ၁၃၈၃ (၂၀၂၁)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ (ကြီး၊လတ်၊ငယ်၊မူ)တန်း များကိုပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဘုရား ကြီးကျောင်းတိုက်အတွင်းရှိဓမ္မရုံကြီး၌၂၀၂၁ ခုနှစ်၊ ဇွန်လ (၇)ရက်နေ့တွင်စတင်ကျင်းပပြုလုပ်သည်။
ပါဠိပထမပြန်စာမေးပွဲကို ၁၃၈၃ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁၃)ရက်နေ့မှ နယုန် လဆန်း(၄) ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်ကာယနေ့စတင်ဖြေဆိုရာတွင် သံဃာတော် ၆၆ ပါး၊သီလရှင် ၂ ပါးတို့ ဖြေဆိုကြပြီး အခြေပြု မူလတန်းအတွက် ဝိနည်းကျင့်ဝတ်/သုကုမာရမဂ္ဂဒီပနီ ဘာသာ၊ပထမငယ်တန်းအတွက် ဘိက္ခူ ပါတိမောက် ဘာသာ/ ဓမ္မပဒ၊ ပထမလတ်တန်းနှင့် ပထမကြီးတန်းတို့အတွက် ဒွေမာတိတာ ဘာသာ/ဓမ္မပဒဘာသာရပ် တို့အားဖြေဆိုကြမည်ဖြစ်ပြီး နေ့စဉ်မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)