မုဒုံမြို့၌ ၂၀၂၁ ခုနှစ် အစိုးရပါဠိ ပထမပြန် စာမေးပွဲစတင်ဖြေဆို

မုဒုံ ဇွန် ၈

 

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာ နက ကြီးမှူးကျင်းပသည် ၂၀၂၁ ခုနှစ် အစိုးရပါဠိ ပထမ ပြန်စာမေးပွဲကို ယမန်နေ့ မွန်းတည့်၁၂နာရီက မုဒုံမြို့နယ်သာသနာ့ဗိမာန်တော်၌ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

         

 

မုဒုံမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲဖြေဆိုရာတွင် စာရင်းသွင်းသံဃာ(၈၃၃)ပါးအနက် ပထမပြန် အကြီးတန်းတွင်(၉၄)ပါး၊ပထမလတ်တန်းတွင်(၁၁၄)ပါး၊ ပထမငယ်တန်းတွင်(၁၈၁)ပါး၊ အခြေပြု မူလတန်းတွင် (၂၂၅)ပါးစုစုပေါင်း(၆၁၄)ပါး ကြွရောက်ဖြေဆိုခဲ့ကြသည်။

         

 

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်လျက်ရှိကြောင်းသိရသည်။

 

ထို့ပြင် စာဖြေသံဃာများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဦးဆောင်၍ မြို့နယ်သြဝါဒစရိယ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင်များ၊ စာ​မေးပွဲကြီးကြပ်ရေးအဖွဲ့ တို့ကကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။