ရွှေတောင် ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Center ခန်းမတွင် ပြည်သူများ အသိပညာ၊ ဗဟုသုတ ရရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အသိပညာပေးလုပ်ငန်း တစ်ရပ်အဖြစ် ဆောင်ရွက် ပေးခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် မြို့နယ် ပြန်/ဆက် ဦးစီးမှူးက စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး စာရေးဆရာမောင်ကျေးဇူး၏ အသိပညာပေး စာအုပ်တစ်အုပ် ဖြစ်သည့် လူငယ်တွေ လမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ် စာအုပ်အား ဆရာကြီးဦးမြင့်ဦးမှ အသိပညာ ရရှိစေရန်အတွက် ဦးဆောင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ မြို့နယ်တွင်း စာပေဝါသနာရှင်(၈)ဦး တက်ရောက်ခဲ့ကြပြီး စာဖတ်ဝိုင်းတွင် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ကာ ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)