လှည်းကူး ဇွန် ၈
ရန်ကုန်မြောက်ပိုင်းခရိုင်၊လှည်းကူးမြို့နယ်တွင် ပြည်သူများသွားလာရေး ကောင်းမွန်စေရန်ရည်ရွယ်၍ လှည်းကူး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှမြို့ပေါ်(၅)ရပ်ကွက်၊ ကွန်ကရစ်လမ်းမျက်နှာပြင်ပျက်စီး နေသော လမ်းဟောင်း များပေါ်တွင် ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်း ( ၃၆၀၀၀ ) စတုရန်းပေကို သာမန် အသုံးစရိတ်ငွေ ကျပ်(၂၅၀)သိန်းဖြင့် လျာထားဆောင်ရွက်ခဲ့ပြီး (၁.၆.၂၀၂၁)ရက်နေ့အထိ (၄၅၀၀)စတုရန်းပေ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းပြီးစီးပါက ပြည်သူများသွားလာရေးကောင်းမွန်စေခြင်းနှင့် ကွန်ကရစ် လမ်းဟောင်း သက်တမ်းကြာရှည်မှုကို ထိန်းသိမ်းသွားနိုင်မည်ဖြစ်ကြောင်းသိရသည်။
သင်းမြတ်သော်